Tags » Ccac

Home Care: Giving and taking away

The government gives, the home care agencies take away.

Many of OPSEU’s home care agencies are presently at the bargaining table.

You’d think this would be the best of times for the professional and support staff that conducts the often difficult work of caring for Ontario’s homebound frail and elderly. 755 more words

6 Things Students Should do When Starting a New Semester

With the new school year just about to start I wanted to share a short list of tips to help CCAC students lay a solid foundation for the rest of the semester. 613 more words

General Library

ပုံပြောသူများနှင့် CCAC

ကျွန်မတို့ ပုံပြောသူများအဖွဲ့ဟာ CCAC နွေရာသီလူငယ်သင်တန်း လေး တစ်ခုမှာ ပုံပြင်လေးတွေ သွားပြောပြဖြစ်ခဲ့တာ တစ်ပတ်ကို တစ်ရက်နဲ့ ခုဆို နှစ်ပတ်ရှိခဲ့ပါပြီ။ ကျွန်မတို့အဖွဲ့ဟာ လူငယ်တွေချည်းပဲ ဖြစ်တာကြောင့် ပုံပြင်တိုက်ရာမှာပဲ ဖြစ်ဖြစ် ၊ Meeting လုပ်ရင်ပဲ ဖြစ်ဖြစ်၊ ကလေးတွေကို ပုံပြင်သွားပြောတဲ့ အခါပဲ ဖြစ်ဖြစ် တက်တက်ကြွကြွနဲ့ ပျော်ပျော်ရွှင်ရွှင်ရှိကြပါတယ်။ စည်းလုံးမှုကတော့ ကျွန်မတို့ အတွက်အထူးပြောစရာမလိုတဲ့နားလည်မှုလေး တစ်ခုပါပဲ။

CCAC သင်တန်းက ကလေးတွေကတော့ အရွယ်စုံ၊ ဆိုဒ်စုံပါပဲကလေးတို့ရဲ့ ထုံးစံအတိုင်း ပေကပ်ကပ်လေးတွေ၊ ဟာသဥာဏ်စွမ်းရှိသူကလေးတေ၊ ထက်မြက်သူလေးတွေ၊ ရှက်တတ်သူလေးတွေနဲ့ လူကြီးပြောသမျှပါးစပ်အဟောင်းသားလေးတွေနဲ့နားထောငတတ်ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့ အဖွဲ့ ပုံပြောပြတဲ့ အခါ သူတို့ကလေးတွေရဲ့ စိတ်ဝင်တစားနားထောင်နေကြပုံလေးတွေက ကျွန်မတို့ အဖွဲ့အတွက် ရှေ့ဆက်ဖို့ အင်အားတွေဖြစ်စေပါတယ်။ ကဗျာလေးတွေမှာ ဟန်ပန်အမူအရာလေးတွေကို ထည့်ပြီး ကျွန်မတို့ ဦးဆောင်ကပြတာကိုလည်း ကလေးတွေက တက်ကြွစွာ ပါဝင်ဆင်နွှဲပေးပါသေးတယ်။

ပုံပြင်တစ်ပုဒ်ပြောပြီးတိုင်း ကလေးတွေနဲ့အမေးအဖြေလုပ်ကြတဲ့ အခါ ကျွန်မတို့ပေးချင်တဲ့ သင်ခန်းစာတွေ၊ အဓိပါယ်တွေကို ကလေးတွေကောင်းကောင်းကြီး နားလည်ကြတာမို့ ကျွန်မတို့ ၀မ်းသာမှုကတော့ အတိုင်းထက်အလွန်ပါပဲ။ကျွန်မတို့ရဲ့ အစီအစဉ်တွေပြီးသွားတိုင်းမှာ ကလေးတွေရဲ့ ကျေးဇူးတုံ့ပြန်ပုံလေးကလည်း တစ်မျိုးလေးပါ။

Activities