Tags » Rated M

Coffee [Sequel to "We're not friends anymore"]

ဒီနေ့ကတော့ ကျွန်တော်နဲ့ Kris hyung ရဲ့ သူငယ်ချင်း အဖြစ်ကရပ်စဲတာ တစ်လပြည့်တဲ့နေ့လေ…. ကျွန်တော့်လို hyung မှတ်မိပါ့မလား??? ကြည့်ရတဲ့ပုံစံကတော့ သတိမထားမိတဲ့ပုံပဲ…. ကျွန်တော့်ကိုတောင်တစ်နေ့လုံး အဖတ်မလုပ်ဘူး… >_<

" ဟူး…. " Chanyeol တစ်ယောက် သက်ပြင်းချလိုက်ပြီး စားပွဲပေါ်ရှိ coffee ခွက်ကို လက်နှစ်ဖက်နဲ့ လှမ်းယူကာ သောက်လိုက်သည်။ ပူနွေးနွေး ခါးဆိမ့်ဆိမ့် coffee အရသာက သူ့လည်မျိုတစ်လျှောက် စီးဆင်းသွားလေရဲ့… ခုလိုမျိုး အေးစိမ့်စိမ့် မိုးပေါက်များ ကျဆင်းနေတဲ့ အချိန်မျိုးမှာ ပူနွေးနွေး coffee တစ်ခွက်ဟာ တကယ့်ကို နွေးထွေးမှုပေးစွမ်းနိုင်ခဲ့ပါတယ်… ဒါပေမယ့် သူ့အတွက်တော့ မကျေနပ်နိုင်ပါဘူး… တစ်စုံတစ်ခု… အတိအကျပြောရရင်.. 474 more words

Romance

But I Hate You (အပိုင်း-၇)

နေခြည်ဖြာနွေးနွေးက ခပ်မှိန်မှိန်ဖြာကျနေပြီး အရောင်အသွေးစုံနေသော ဖန်သားပြတင်းပေါက်ကို ဖြတ်ကျော်လာရသဖြင့် ဆိတ်ငြိမ်နေသော အခန်းလေးကို အလင်းရောင်စုံတို့ဖြင့် စစ်ရေးဆင်နွှဲနေသဖွယ် သက်ဝင်လှုပ်ရှားစေနေလေသည်။ နေရောင်ခြည်ခပ်စူးစူးက သူ့မျက်နှာကို လာရောက်ထိတွေ့နေသဖြင့် Chanyeol တစ်ယောက် မျက်လုံးကိုတစ်ချက်ကျုံ့လိုက်ပြီး တဖြည်းဖြည်းဖွင့်ဟကြည့်လိုက်လေသည်။ ခေါင်းလေးကို တစ်ဖက်ခြမ်းဆီသို့ လှည့်လိုက်ချိန်မှာတော့ Chanyeol တစ်ယောက် သူ့ဘဝတွင် မြင်ဖူးသမျှလူသားတွေထဲက အချောမော အပြည့်စုံဆုံးဟု ဆိုနိုင်သော လူတစ်ဦး၏ အိပ်ရာနိုးထခါစအပြုံးက သူ့ကို ဆီးကြိုလိုက်လေသည်။ Kris ရဲ့ လက်မောင်းတွေက Chanyeol ကို ရစ်ပတ်ပွေ့ဖက်ထားဆဲဖြစ်ပြီး သူ့တို့နှစ်ဦးရဲ့ မျက်ဝန်းနှစ်စုံကတော့ အချင်းချင်းနှောင်ဖွဲ့နေလေရဲ့…. 228 more words

Romance

But I Hate You (အပိုင်း-၆)

Chanyeol တစ်ယောက် သူကိုယ်သူ ဒီလိုနည်းမျိုးနဲ့တော့ ဘယ်လိုမှ အသေမခံနိုင်.. အနည်းဆုံးတော့ ဂုဏ်သိင်္ခါရှိရှိနှင့် သူ့ဘဝကို နိဂုံးချုပ်ချင်သည်။ အနည်းဆုံးတော့ ကြိုးစားပြီးမှ ဒါမှမဟုတ်… သူ့ရည်မှန်းချက်ကို အကောင်အထည် ဖော်ပြီးမှ… သေရမည်မဟုတ်ပါလား?

မပျော့ညံ့စမ်းနဲ့ Chanyeol… အားတင်းထားပြီး ပြန်ခုခံလေကွာ…

သူ့တွင် ရှိသမျှခွန်အားကုန်သုံးကာ Chanyeol တစ်ယောက် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုတ်၍ သူ့ခန္ဓာကိုယ်ကို အမဲဖြတ်နေသောသူရဲ့ အကျည်းတန်တဲ့ မျက်နှာပေါ်သို့ အားပါပါနှင့် ထိုးချလိုက်လေတော့သည်။ 174 more words

Romance

But I Hate You (အပိုင်း-၄)

10 AM

နံနက်ခင်းသစ်သို့ရောက်ခဲ့ပြီ… ယခုချိန်မှစပြီး Chanyeol ရဲ့ လေကျင့်မှုတွေ စတင်ရတော့မည်… သူတို့ အသက်ကို လောင်းကြေးထပ်၍ ယှဉ်ပြိုင်ကြရမည့် စကားပွဲက နောက် နှစ်နှစ်အလိုက စောင့်မျှော်နေ၏။ နိုင်သည့်သူ အသက်ရှင် သန်ခွင့်ရမည်.. ရှုံးသည့်သူ အသက်ဆုံးရှုံးရမည်….

Kris တစ်ယောက် Chanyeol ရဲ့ အခန်းထဲသို့ ဝင်လာပြီး ခုတင်ပေါ်သို့ အဝတ်အစားတစ်စုံကို ပစ်တင်လိုက်သည်။ 114 more words

Romance

But I Hate You (အပိုင်း-၃)

Chanyeol ၏ အကြားအာရုံထဲသို့ အိမ်အောက်ထပ်မှ တံခါးဖွင့်သံက ဝင်ရောက်လာသဖြင့် အိပ်နေရာမှ မျက်စိကို ဖွင့်လိုက်လေသည်။ အိမ်ထဲသို့ လမ်းလျှောက်နေသော ခြေသံကိုလည်း တစ်ဆက်တည်း ကြားလိုက်ရ၏။ Chanyeol တစ်ယောက် စားပွဲပေါ်ရှိ နာရီကို လှမ်းကြည့် လိုက်သည်။ ည 8 နာရီခွဲနေပြီ… သူပြန်လာပြီပေါ့ … Chanyeol တစ်ယောက် သက်ပြင်းချလိုက်ပြီး စောင်ကို ဆွဲပြီး ခေါင်းမူးခြုံကာ မျက်စိမှိတ်ထားလိုက်သည်။ အချိန်တွေ မြန်မြန်ကုန်အောင် အိပ်နေတာ အကောင်းဆုံးပဲလေ.. 86 more words

Romance

But I Hate You (အပိုင်း-၂)

Kris တစ်ယောက် ကြီးမားသော ခြံဝင်းကြီးတစ်ခုထဲရှိ ခမ်းနားသော အိမ်ကြီးတစ်ခု၏ ဆင်ဝင်အောက်တွင် ကားကို ရပ်လိုက်သည်။ ထို့နောက် ကားထဲမှ အပြင်သို့ ထွက်လိုက်သည်။ Chanyeol လည်း ကားထဲမှ ထွက်၍ ဟိုကြည့်ဒီကြည့်လုပ်ကာ Kris နောက်မှ လိုက်လာခဲ့သည်။ အိမ်ကြီးတစ်ခုလုံးကို မှန်တွေနဲ့ တန်ဆာဆင်ထားပြီး အိမ်ရှေ့ရေကူးကန်တစ်လျှောက်တွင် မီးရောင်စုံများ ထွန်းညှိထား၏။ 103 more words

Romance

But I Hate You (အပိုင်း-၁)

11 : 28 PM

” hello? အင်း… သိပြီ… အခုသွားနေပြီ.. “

နောက်ထပ် mission တစ်ခု… ကဗျာဆန်ဆန်ဆို ရရင်တော့ နောက်ထပ် လူသားတစ်ယောက်ကို ကောင်းကင်ဘုံသို့ ပို့ပေးရတော့မည်။ ဒီကိစ္စဆိုတာက Kris လိုလူတစ်ယောက် အတွက်တော့ ထူးဆန်းကြီးကျယ်တဲ့ ကိစ္စမျိုးမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီအလုပ်ကိုသူလုပ်လာတာပဲ ငါးနှစ်ဆိုတဲ့ အချိန်ကာလအတိုင်းအတာရဲ့ တစ်ဖက်စွန်းကိုရောက်နေခဲ့ ပြီလေ.. 122 more words

Romance