Tags » Myanmar Model

“မထက်နဲ့က မောင်နှမလို ဖြစ်နေပါပြီ” -- အောင်ရဲလင်း --

Make-up Artist မထက် နဲ့ အလုပ်ကိစ္စကအစ တိုင်တိုင်ပင်ပင်လုပ်ဖြစ်ပြီး မောင်နှမလို ဖြစ်နေပါပြီလို့ Relationship နဲ့ ပက်သက်ပြီး အောင်ရဲလင်း က MC သို့ ပြောပါတယ်။

“ အစ်ကို နဲ့ မထက် က မောင်နှမတွေလိုဖြစ်နေပြီ။ တစ်ယောက် နဲ့ တစ်ယောက်က အရမ်းကို Close ဖြစ်တယ်။ နှစ်တွေလည်း တော်တော်ကြာပြီလေ။ အခုဆိုရင် ( ၆ ) နှစ်လောက်ရှိနေပြီ ။ တစ်ယောက် နဲ့ တစ်ယောက် က ပြောစရာမလိုတော့ဘူး ။ အစ်ကို နဲ့ ဓာတ်ပုံရိုက်မယ် ဆိုရင်လည်း မထက် က စေတနာ အပြည့် နဲ့ ရိုက်ပေးပါတယ်။ အစ်ကိုကလည်း ဓာတ်ပုံရိုက်ခဲတယ်။ ဆံပင်ညှပ်တာက အစပေါ့။ မထက် က တစ်ခြားသူဆိုရင်တော့ ဆံပင်မညှပ်ဘူးလို့ ကြားတယ်။ ဒါပေမယ့် အစ်ကို့ဆိုရင် ညှပ်ပေးတယ် ။ ဘာပဲဖြစ်ဖြစ် အစ်ကိုတို့ (၂)ယောက်ကြား မှာ အရမ်း Close ဖြစ်တယ်။ အလုပ်ဆိုရင်လည်း တိုင်တိုင်ပင်ပင် နဲ့ လုပ်ကြတယ်။ Relationship ကတော့ အဲ့လိုပါပဲ ” လို့သူကပြောပါတယ်။ 44 more words

Entertainment News

ဗီလိန် ကာရိုက်တာ ကမ်းလှမ်းရင်ရိုက်မယ် - ပတ်ထရစ်ရှာ

ဗီလိန် ဇာတ်ရုပ် တစ်ခါမှ သရုပ်ဆောင်မဆောင်ဘူး လို့ ကမ်းလှမ်းတဲ့သူတွေ ရှိစေချင်တယ်လို့ ပတ်ထရစ်ရှာ က MC သို့ပြောပါတယ်။

“ဗီလိန် ကာရိုက်တာ သရုပ်ဆောင်ကြည့်ချင်တယ် ။ တစ်ခါမှ ညီမ သရုပ်မဆောင်ဘူးဘူး ။ ညီမ ဒရမ်မာ ၊ ဟာသ ၊ အက်ရှင် ဇာတ်ကားတွေ သရုပ်ဆောင်ပြီးပြီ ။ ဗီလိန်ကျတော့ ဇာတ်ကားတစ်ကား ကို ကြည့်မယ်ဆိုရင် ဗီလိန်က ဇာတ်ကို ခေါ်ဆောင်သွားနိုင်တယ် ။ ညီမဆိုရင် ဘယ်ဇာတ်ကားပဲ ကြည့်ကြည့် ဗီလိန် ကို မုန်းနေပေမယ့်လည်း သူ့အပေါ်ကို စိတ်ကရှိနေတာပေါ့ ။ အများကြီးလုပ်ကွက်ရှိတယ်။ ညီမအတွက်လည်း  ခက်ခဲမယ်ထင်လို့ ကြိုးစားပြီး လုပ်ကြည့်ချင်တယ်။ လာကမ်းလှမ်းတာမျိုး လည်းမရှိတော့ လာကမ်းလှမ်းစေချင်ပါတယ်။ “လို့ သူမကပြောပါတယ်။ 6 more words

Entertainment News