Tags » Myanmar » Page 2

Myanmar

Every blogger and travel guide out there will tell you how quickly Myanmar is changing. While true, and with me guilty of preaching it too, I’ll try not to do that here. 719 more words

Travel

Pomelo at Yangon

There are only few things in this world that can make me feel very happy. One of them is this place, POMELO!! It is not a fruit but a marketplace in the heart of Yangon city. 70 more words

Photos

စကော့ဈေး (သို့ ) ဗိုလ်ချုပ်ဈေး

 

စကော့ဈေးဆိုတာ ဗိုလ်ချုပ်အောင်ဆန်းဈေးလို့ နာမည် မခေါ်တွင်ခင်တုန်းက ခေါ်တဲ့နာမည်တစ်ခုပါတဲ့။ ကျတော်တို့ကတော့ ဗိုလ်ချုပ်ဈေးလို့ အခေါ်များမယ်ထင်တာပါပဲ။ ရန်ကုန်မှာ ရှိတဲ့ ဈေးဝယ်ဖို့ကောင်းတဲ့ နေရာတွေထဲက တစ်ခုပေါ့ ။ ကိုကိုမမ၊ ဦးဦးဒေါ်ဒေါ်တွေကလည်း ဗိုလ်ချုပ်ဈေးကို ဈေးဝယ်ဖို့ကောင်းတဲ့နေရာ တစ်နေရာ အဖြစ် နှစ်သက်ကြမယ်ထင်ပါတယ်။ ပြီးခဲတဲ့ နှစ် စာရင်းများအရတော့ ဆိုင်ခန်းပေါင်း (၁၆၀၀) ကျော်ရှိတယ်လို့ သိရပါတယ်။ ဒီနှစ်ဆိုရင်တော့ ပိုများကောင်းများမယ်ထင်ပါတယ်။ဟိုတစ်လောက ရောက်သေးတော့ ဘိုတွေဆိုတာ မနည်းမနောပါ။ အထူးသဖြင့် ကျောက်မျက်ရတနာ တန်းနဲ့ ပန်းပုရုပ်တန်းတွေထဲက ဆိုင်တွေမှာပေါ့။

မနက် (၉) နာရီက ညနေ (၅) နာရီ လောက်ထိကို ဆိုင်တွေက ဖွင့်ပြီး မြန်မာ့ ဈေးဝယ်လမ်းညွှန်တွေထဲမှာတော့ အထည်အလိပ်၊
ရောင်စုံချည်ဖြင့် ပုံဖော် ထိုးထားသောအထည်တွေနဲ့ စာပန်းချီ၊ ရက်ထည်တွေစတဲ့ ပစ္စည်း အ၀တ်အထည်တွေကို ၀ယ်ယူချင်တယ်ဆိုင်တော့ စကော့ဈေးကိုသွား သင့်ပါတယ်လို့ တိုးရစ်တွေကို ညွှန်းထားတာကိုတွေ့ရပါတယ်။

Myanmar

ရန်ကုန်မြို့လယ်က အချက်အချာ မီးရထား ဘူတာကြီး

 

ဖြတ်သွားလိုက်ဖြတ်လားလိုက်နဲ့ မြို့ခံတွေတောင်မှ တော်တော်နဲ့ သတိထားမိကြမှာ မဟုတ်ခဲ့။ အော် … နေ့စဉ် စားဝတ်နေရေး လုံးပန်းနေတော့လည်း မြင်ကွင်းတွေကို ဒီလိုပဲ သတိမဲ့မူမိစွာ ကျော်ဖြတ်သွားရတာပေါ့။ တစ်ချို့တွေ ပြောပါတယ်။ သို့ပေမဲ့ တိုင်းတပါးနိင်ငံခြားက လူမျိုးတွေ။   အင်း. . . . .သူတို့တွေအတွက်ကတော့ ဒီလို ရှေးဟောင်းပုံစံ၊ အချွန်အတက်တွေနဲ့ အဆောင်အအုံကြီးကို တအံ့တသြ စိတ်ဝင်စားရှာပေမပေါ့။ တကယ်လည်း ရှေးဟောင်း အဆောက်အအုံကြီးကိုလေ။ ရန်ကုန်မြို့ရဲ့ မြို့လယ်ခေါင်မှာတည်ရှိကာ မြန်မာပြည်မှာတော့ အကြီးဆုံး မီးရထားဘူတာကြီးလို့ သိရပါတယ်။ မြန်မာပြည်အပေါ်ပိုင်း နေပြည်တော်၊ မန်းလေး၊ ရွှေဘို၊ ဟိုး ….. မြစ်ကြီးနားတို့ထိ ရောက်နိင်ပြီး အောက်မြန်ပြည်ကိုဆိုလျှင် တနသာင်္ရီ ကမ်းရိုးတန်း၊ မော်လမြိုင်၊ ရေးတို့ထိ ရောက်ရှိနိင်ပါတယ်။ ၃၁၂၆ မိုင်ရှည်လျားတဲ့ မီးရထားလမ်းကြောင်းကြီးရဲ့ ဂိတ်ဝ တစ်ခုဖြစ်ပါတယ်။


စတင်တည်ဆောက်ခဲ့တာကတော့ ဗြိတိန်အစိုးရခေတ် ၁၈၇၇ ခုနှစ်တွေလောက်ကဖြစ်ပြီး အဲဒီကနေ ကြားထဲမှာ ဂျပန်တပ်တွေရဲ့ တိုက်ခိုက်မူကြောင်း ဗြိတိန်တွေ ဆုတ်ခဲ့ရတဲ့အချိန် 1943 မှာ ဖျက်ဆီးခံခဲ့ရပါသေးတယ်။ မြန်မာတို့ရဲ့ ရိုးရား ဗိသုကာ ပုံစံအားဖြင့် ဒီဇိုင်းရေးဆွဲခဲ့ပြီး ပြသဒ်လို့ခေါ်တဲ့ အမိုးပေါ်က အချွှန်းအတက်ပုံစံ ဗိသုကာတွေကိုတော့ ၁၉၅၄ မှာ စတင်တပ်ဆင်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၆ မှာတော့ နယ်မြေအတွင်း ထင်ရှားတဲ့ အမှတ်အသားတစ်ခုအဖြစ် ပုံစံ ရေးဆွဲခြင်း ခံရပါတယ်။

Myanmar

မြန်မာက အလှူ အတန်း ရက်ရောတဲ့ ကမ္ဘာ တစ်ဝှမ်းနိုင်ငံတွေထဲ နံပါတ် (၁) ချိတ်

 

အလှူအတန်းကို တစ်ကမ္ဘာလုံးမှာ ရှိတဲ့လူတိုင်းနီးပါး ပြုလုပ်လျက်ရှိကြရာက Charities Aid Foundation ၂၀၁၄ ရဲ့စစ်တမ်းများအရ မြန်မာနဲ့ အမေရိကဟာအလှူအတန်းပြုလုပ်လျက်ရှိတဲ့ နိုင်ငံတွေထဲ ထိပ်ဆုံးက ရပ်တည်လျက်ရှိတယ်လို့ သိရပါတယ်။ အလှူအတန်း၊ ကုသုလ်ဖြစ် အလုပ်တွေအပြင် တစ်ခြားသူတွေကို ကူညီခြင်းတွေလည်း ပါဝင်ပါတယ်။

အညွှန်းများအရ မြန်မာနိုင်ငံတွင်းမှာ ရှိတဲ့ လူဦးရေရဲ့ ၉၁ ရာခိုင်နှုန်းဟာ ပရဟိတ အလုပ်တွေကို လုပ်ကိုင်လျက်ရှိပြီး အလှူအတန်းကို တော့ ၄၉ရာခိုင်နှုန်းလောက်က လုပ်ကိုင်လျက်ရှိပြီး ၅၁ ရာခိုင်နှုန်းကတော့ လူသားချင်းဆိုင်ရာ ကူညီမှု ကိစ္စတွေကို လုပ်ကိုင်လျက်ရှိတယ်လို့ ဆိုပါတယ်။ကနေဒါ၊ အိုင်ယာလန်၊ နယူဇီးလန်းတို့က အမေရိက ၊ မြန်မာတို့ရဲ့ အနောက်ကနေ အလှူအတန်းအများဆုံး လုပ်သော နိုင်ငံတွေအဖြစ် လိုက်ပါလျက်ရှိပါတယ်။ 15 more words

Myanmar

!! #ဒုတိယ #ပင်လုံရဲ့ အောင်ပွဲတစ်ခု”

“ဒုတိယ ပင်လုံရဲ့ အောင်ပွဲတစ်ခု” (ငြိမ်းချမ်းရေးတံခါးမှသည် နိုင်ငံရေးဆွေးနွေးပွဲသို့ )

[၂၀၁၁ ခုနှစ် မတ်လကုန်မှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု တံခါးကို ဆွဲဖွင့်လိုက်ခဲ့ပြီးတဲ့နောက် (၄)နှစ် တင်းတင်းပြည့်မြောက်တဲ့အချိန်မှာ ငြိမ်းချမ်းရေးတံခါးကို ဆွဲဖွင့်လိုက်ကြပြီ ဖြစ်ပါတယ်။ နောက်တစ်ဆင့်ကတော့ နိုင်ငံရေးဆွေးနွေးပွဲပဲ ဖြစ်ပါတယ်။] ၂၀၁၅ ခုနှစ် ၊ မတ်လ ၃၁ ရက်နေ့တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အချောသတ်မူကြမ်းကို အတည်ပြုလက်မှတ်ရေးထိုးခြင်း အခမ်းအနား၌ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ပြောကြားသော နှုတ်ခွန်းဆက်စကား ကျွန်တော်တို့ ယခုလိုတိုင်းရင်းသားခေါင်းဆောင်များနဲ့ ငြိမ်းချမ်းရေးရရှိရေး အတွက် ၀ိုင်းဝန်းကြိုးပမ်း ခဲ့ကြသောပုဂ္ဂိုလ်အားလုံးနှင့် တွေ့ဆုံရသောကြောင့် ကျွန်တော့်အနေဖြင့်များစွာ ဂုဏ်ယူဝမ်းမြောက် ကြောင်းဦးစွာ ပထမပြောကြားလိုပါတယ်။ ပိုပြီးဝမ်းသာစရာကောင်းတာကတော့ မနေ့ညက TV ထိုင်ကြည့်နေရင်းနဲ့ တိုင်းရင်းသားခေါင်းဆောင်များပြောကြားသော ရင်တွင်းစကားများကြားရ သည့်အတွက် အိမ်မပျော်အောင် ၀မ်းသာရပါတယ်၊ ငြိမ်းချမ်းရေးသည် ခင်ဗျားတို့၊ ကျွန်တော်တို့အားလုံး သိကြပြီး ဖြစ်သည့် ပြည်သူများ၏လိုလားချက်ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးသည်ပြည်သူ တွေရဲ့ဆန္ဒလည်းဖြစ်ပါတယ်၊ပြည်သူတွေရဲ့ မျှော်မှန်းချက်လည်းဖြစ်ပါတယ်။ ပြည်သူတွေမျှော်လင့် စောင့်စားနေတဲ့ ငြိမ်းချမ်းရေးကို ယူဆောင်လာသောသူတွေဟာ ဘယ်သူတွေလဲလို့မေးရင် ခင်ဗျားတို့၊ ကျွန်တော်တို့ပဲ ဖြစ်ပါတယ်၊ အဓိကအကျဆုံးကတော့ ခင်ဗျားတို့ကျွန်တော်တို့ပဲ ဖြစ်ပါတယ်။ NCA စာချုပ်မူကြမ်းကို အကြိမ်ကြိမ်အခါခါဆွေးနွေးပြီး မနေ့ကတော့ ကျွန်တော်တို့ ဒီစာချုပ်မူကြမ်းကို သဘောတူညီချက် ရရှိပြီဖြစ်တဲ့ အတွက်ကြောင့် ဒီစာချုပ်မူကြမ်းနဲ့ ပတ်သက်ပြီးတော့ ဒီကနေ့မှာတော့ လက်မှတ်ထိုးကြမှာ ဖြစ်ပါတယ်။ ဒီသဘောတူညီချက် ဟာ NCA လက်မှတ်ရေးထိုးနိုင်ဖို့ အတွက် အဓိကတွန်းအား တစ်ရပ် ဖြစ်ပါတယ်။ ဒါကြောင့် ဧပြီလ အတွင်းမှာ NCA လက်မှတ်ရေးထိုးဖို့ အတွက် ကျွန်တော်တို့ သေချာပေါက် ဆောင်ရွက် သွားနိုင်တော့မယ် လို့ ပြောလို့ရပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီ NCA လက်မှတ် ရေးထိုးပြီးတာနဲ့ ရှေ့ဆက်သွားမယ့် Political Dialogue အတွက်က တံခါးပေါက် ပွင့်သွားပြီ ဖြစ်ပါတယ်။ Political Dialogue ကတော့ အချိန်များစွာယူပြီး ဆွေးနွေးကြရမှာ ဖြစ်ပါတယ်။ အချိန်ယူကြရမှာ ဖြစ်တဲ့ အတွက်ကြောင့် ကြားကာလမှာ တွေ့ကြုံရမယ့် ပြဿနာတွေ အခက်အခဲတွေ ဒါတွေကိုလည်း ကျွန်တော်တို့ ရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။ ကြားကာလမှာ တွေ့ဆုံရမယ့် အခက်အခဲတွေ၊ ပြဿနာတွေ၊ Challenges တွေ ဒါတွေကတော့ အခုလိုပဲ မျက်နှာစုံညီ ညှိနိုင်းရင်း၊ ဆွေးနွေးရင်း၊ အဖြေရှာရင်းနဲ့ ကျော်လွှားသွားကြရမှာ ဖြစ်ပါတယ်။ ကျွန်တော် ပြောချင်တာကတော့ ဒီဆောင်ရွက်ချက်တွေဟာ မြန်မာ့ငြိမ်းချမ်းရေးရဲ့ သမိုင်းကို ခင်ဗျားတို့တွေဟာ ဖော်ဆောင်ပေးတဲ့ သူတွေတင် မကပါဘူး။ဒီငြိမ်းချမ်းရေးကို တည်ဆောက်ပေးခဲ့တဲ့ သူတွေ အဖြစ်နဲ့ မြန်မာ့သမိုင်းမှာ ကျန်ရစ်ခဲ့ကြမယ့်သူတွေ ဖြစ်ပါတယ်။ ဒီဆောင်ရွက်ချက်တွေဟာ တိုင်းရင်းသား စည်းလုံးညီညွတ်မှု အတွက် တန်ဖိုး မဖြတ်နိုင်တဲ့ အောင်မြင်မှု တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင်တော့ ဒုတိယ ပင်လုံရဲ့ အောင်ပွဲတစ်ခု ဖြစ်တယ်လို့ ပြောရမှာဖြစ်ပါတယ်။ အားလုံး ကျေးဇူးတင်ပါတယ်။ အားလုံး ကျန်းမာ ပျော်ရွှင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်။ ဘုရားသခင် ကောင်းချီးပေးပါစေလို့လည်း ဆုမွန်ကောင်းတောင်းပါတယ်။ 12 more words

Burma

Critiques on “The opening in Burma: The General’s loosen their grip” by Mary Callahan

By Victor (Ye Kaung Myint Maung)

In Mary Callahan’s article, “The opening in Burma: The General’s loosen their grip”, the author noted that Burma’s military government is male, Burman and military dominated institution and always retraces the military prerogatives under national security mandates. 1,444 more words

Critiques On Published Articles